ရေဦး ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်တွင်းရှိ အသက် ၅ နှစ်အောက် ကလေးငယ်များအား သံချဆေးတိုက်ကျွေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက် ၉ နာရီက ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ သံဃာ့ဆေးရုံဟောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့ဝင်များ၊ မိဘအုပ်ထိန်းသူနှင့် ကလေးငယ်များ ပူးပေါင်းပါဝင်ခဲ့ကြ သည်။
သံချဆေးတိုက်ကွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်းနှင့် ကျန်းမာရေးဆရာ၊ ဆရာမများ ကလေးငယ်များအား အသက်အရွယ်အလိုက် မျက်စိအားဆေး၊ ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခဲ့ရာ ကလေးငယ် ၂၀၀ ဦးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး)