သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဆောင်ရွက်
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး မင်းဘူး(စကု) မြို့နယ်အတွင်း၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ထုတ်ပေး
Feb 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ကာ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးရာ ယမန်နေ့တွင် ပင်စင်စား ၁၃၀ ဦးကို ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးတောင်သူများအား အသိပညာပေးဆောင်ရွက်
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၈ နာရီက ကွင်းအမှတ် ၇၃၀ တောင်သူဦးမြင့်စိုး၏ စနစ်တကျလယ်ယာမြေ ၅ ဧကတွင် အတန်းလိုက်တိုက်ရိုက်မျိုးစေ့ချကိရိယာ (စီဒါ) ဖြင့် နွေစပါးစိုက်ပျိုးတောင်သူများအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်‌နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ပန်ဆောင်မြို့၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး နာကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ သန္တိကရစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၃ ကြိမ်မြောက်ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ၂၀-၂-၂၀၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သန္တိကရစေတီတော် အနောက်ဘက်မုဒ်၌ ကျင်းပသည်။
နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်ခန်းများတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများ၊ မီးလောင်မှုမဖြစ်ပွားစေရန်နှင့် ဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုး လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်အကြောင်း ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိက ဆိုင်ခန်းပိုင်ရှင်များအား ရှင်းလင်းပြောကြားသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ကုလားပဲစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝါးခယ်မမြို့နယ်ကျက်သရေဆောင် သကျမဟာသီရိမြတ်စွာဘုရားကြီး ရွှေထီးတော် ပထမဘုံဆင့်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိမြတ်စွာဘုရားကြီး ရွှေထီးတော်ပထမဘုံဆင့် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က နောင်တော်ကြီး ဘုရားတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။