သတင်းများ

မြို့သစ်မြို့နယ်တွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
သရက်မြို့၌ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂(နေ့စား) သင်တန်းပို့ချနေမှုအား မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ကြည့်ရှုအားပေး
Feb 22,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ (နေ့စား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၉) ရက်နေ့မှစတင်၍ သင်တန်းသား (၆၆) ဦး ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက သင်တန်းပို့ချနေမှုကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Feb 22,2024
၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဌာနများတွင် အသက်(၅၀) နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer) ထိုးနှံ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အသက်(၅၀)နှစ်အထက် ပြည်သူများအား သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဖေဖော်ဝါရီ (၂၀) ရက်နေ့ နံနက်ပိုင်းက ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် တောင်ဦးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ်(၁၂)နာရီခွဲက တောင်ဦးကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။
ကျောင်းကုန်းမြို့၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးလုံလေလုံအား ကစားခန်းမ၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က ပင်စင်ထုတ်ပေးပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
မုဒုံမြို့၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်
Feb 22,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ငပုတောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်မြို့နယ်အဆင့်  အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရာဇာစိုး၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းမြို့နယ်မီးသတ်ဦးစီးမှုး ဦးမင်းအောင်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။