ကရသူရိမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5/ 9)အတန်း နှစ်ဆုံးခရိုင်စစ်/ တိုင်းစစ်စာမေးပွဲ စတင်ဖြေဆို

ကရသူရိ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade -5)နှင့်(Grade -9)အတန်း ကျောင်းသား/ သူများ၏ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နှစ်ဆုံး ခရိုင်စစ်/တိုင်းစစ် စစ်ဆေးခြင်းကို (Grade -5)နှင့်(Grade -9)အတန်းကျောင်းသား/ သူ(၇၈)ဦးက တစ်ရက်တစ်ဘာသာဖြင့် ယနေ့တွင်    မြန်မာစာဘာသာကို စတင်ဖြေဆိုလျက်ရှိပြီး (Grade -5) ကျောင်းသား/ သူများက ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင်လည်းကောင်း၊ (Grade -9) ကျောင်းသား/ သူများက ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင်လည်းကောင်း ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ် စာမေးပွဲအေးချမ်းသာယာအောင် မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေး မြို့အဆင့်ဌာနဆိုင်ရာများက ကျောင်းသား/သူများ၏ လုံခြုံရေးအား ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)