စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် (၅၆၈) ဦးရှိ

စဉ့်ကိုင် မတ် ၈

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ စဉ့်ကိုင်မြို့နယ်တွင်လည်း မတ်လ (၇)ရက်အထိ ‌တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ တင်ထားသော ကျောင်းသား၊ကျောင်းသူ (၅၆၈) ဦးရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အ.ထ.က(စဉ့်ကိုင်)စာစစ်ဌာနနှင့် အ.ထ.က(ပလိပ်)စာစစ်ဌာန(၂)ခုဖွင့်လှစ်ထားရှိရာ အဆိုပါစာစစ်ဌာနများတွင် သိပ္ပံဘာသာတွဲ (၃၂၃) ဦး၊ ဝိဇ္ဇာ-သိပ္ပံဘာသာတွဲ (၂၂၅) ဦး၊ ဝိဇ္ဇာဘာသာတွဲ(၂၀) ဦး စုစုပေါင်းဖြေဆိုမည့်  ကျောင်းသား၊ ကျောင်းသူ (၅၆၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။     

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များ၊ စာမေးပွဲကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ  (စဉ့်ကိုင်)