ငပုတော မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၇၅)ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မတ်(၁၁)ရက်မှ (၁၉)ရက်နေ့အထိ ဖြေဆိုရမှာဖြစ်ပြီး ငပုတောမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၄)ခုတွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ အတွင်းဖြေဆိုသူ (၁၀၃၀)ဦး၊ ပြင်ပဖြေဆိုသူ (၄၅)ဦး ၊ စုစုပေါင်း (၁၀၇၅)ဦး ရှိကြောင်းသိရသည်။
ကျောင်းသား/ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)