ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြသ ဆောင်ရွက်

ပိုင်ကျုံ  မတ် 

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတပိုမိုရရှိစေရန်အတွက် မန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေး ဟောပြောပွဲ  ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူက လူငယ်များသိသင့်သိထိုက်သည့် ကမ္ဘာကြီးပူနွေးလာရခြင်း၏ အကြောင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ အပူဒဏ်ကြိုတင် ကာကွယ်ရေးနိုင်‌ရေးအတွက် လုပ်ဆောင်သင့်သည့်ဆောင်ရန်‌ ရှောင်ရန်အချက်များကို ဟောပြောပြီး ပြသထားသည့် အပူဒဏ် ကြိုတင်ကာကွယ်‌ရေးနှင့်ပတ်သက်သော အသိပညာပေးစာစောင်များအား ကျောင်းသား လူငယ်များတို့မှ စိတ်ပါ‌ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များနှင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အသိ ပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာပေး(Talk Show) ဆွေးနွေးပွဲများ ကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

နော်ခူး(ပြန်/ဆက်)