ကော့သောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Mar 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော(၂၀၂၃-၂၀၂၄) ဘဏ္ဍာ ရေးနှစ်၊ တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသူ ဘိုးဘွား(၁)ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများကို ဘိုးဘွားများထံသို့ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။