လက်ပံတန်းမြို့၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မိခင်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်း ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။