သတင်းများ

မြန်အောင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ
Feb 21,2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီမှ ဦးဆောင်၍ ပလတ်စတစ်၏ ဆိုးကျိုးများအန္တရာယ်နှင့် မီးခိုးမြူငွေညစ်ညမ်းမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ ဆွေးနွေခြင်းကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ချောက်မြို့၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ နံနက် ၆နာရီမှ မွန်းလွဲ ၁နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) ၉၈ ကြိမ်မြောက် ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီး အောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်တွင် ၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) (၉၈) ကြိမ်မြောက် ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း (၄) မြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယစာတော်ပြန်ပွဲကြီး အောင်ဆုနှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ်က ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကလေးဝမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြောပွဲပြုလုပ်
Feb 21,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့၌ "ကြိမ်၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်လှစ်
Feb 21,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကကြီးမှူး၍ “ကြိမ်၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ကို ယမန်နေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်လျက်ရှိသည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၄)ဆင်းပွဲကျင်းပ
Feb 21,2024
လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျလေ့လာကာ ကျွမ်းကျင်တတ်မြောက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဆင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မွန်းလွဲ ၁ နာရီကကျင်းပသည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ (၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
Feb 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ယမန်နေ့နံနက်(၁၀)နာရီတွင် မဟာသန္တိကရစေတီတော်တွင် ကျင်းပပြုလုပ်ခဲ့သည်။