နာဂဒေသ၊ ပန်ဆောင်မြို့၌ (၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ပန်ဆောင် ​ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ယမန်နေ့နံနက်(၁၀)နာရီတွင် မဟာသန္တိကရစေတီတော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲကို ပန်ဆောင်မြို့ အထက်ရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းအတွင်း တည်ထားကိုးကွယ်တော်မူထားသော မဟာသန္တိကရစေတီတော်အား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ၍ ကြွရောက် တော်မူလာကြသော သံဃတော်အရှင်သူမြတ်တို့အား ဆွမ်းသပိတ်လုံးများနှင့် ဆွမ်းဆန်အိတ်များကို စာရေးတံမဲချ၍လှူဒါန်ခြင်း ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြောင်း ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်မြောက်ရေး ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ဂျာယော်(ပန်ဆောင်)