ဖျာပုံ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီမှ ဦးဆောင်၍ ပလတ်စတစ်၏ ဆိုးကျိုးများအန္တရာယ်နှင့် မီးခိုးမြူငွေညစ်ညမ်းမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုများဆွေးနွေခြင်းကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ခရိုင်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌကိုယ်စား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူး၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဥမ္မာလှိုင်က ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဆောင်ရွက်မှုများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ဆပ်ကော်မတီအဖွဲ့ဝင်များမှ မြို့/ရွာပတ်ဝန်းကျင်၊ သန့်ရှင်းသာယာလှပစေရေးနှင့် လေထုညစ်ညမ်းမှုအန္တရာယ် ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍တစ်ဦးချင်းအလိုက် ရှင်းလင်းဆွေးနွေးကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)