ချောက်မြို့၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

ချောက် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ နံနက် ၆နာရီမှ မွန်းလွဲ ၁နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော အများပြည်သူရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊​ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အငြိမ်းပင်စင်ထုတ်ယူသူ (၇၆၀) ဦးရှိရာ အငြိမ်းစားဝန်ထမ်း စုစုပေါင်းပင်စင်ထုတ်ယူမည့်သူ (၃၂၈၉) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)