ဒိုက်ဦး ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကကြီးမှူး၍ “ကြိမ်၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ကို ယမန်နေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်လျက်ရှိသည်။
ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှသင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစုတစ်ပိုင်တနိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်ဇင်ထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဝါးကြိမ်ဖြင့်ပြုလုပ်သော မီးဆိုင်း၊ တစ်ရှုးဗူး၊ Cold Star၊Umder Plate၊ ပန်းခြင်း၊ ဝါးခွက်၊ ကြိမ်/ ဝါးဦးထုပ်၊ Morning Tray၊ သစ်သီးထည့်ခြင်း စသည်တို့ပြုလုပ်နည်းကို လက်တွေ့ဖြင့် ရက်သတ္တပတ် ၂ ပတ်ကြာ သင်တန်းနည်းပြ ဦးနိုင်ဦးနှင့် နည်းပြများက (အခမဲ့) သင်ကြားပေးရာ သင်တန်းသား ၃၄ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)