ကန့်ဘလူ ဖေဖော်ဝါရီ ၂၁
လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျလေ့လာကာ ကျွမ်းကျင်တတ်မြောက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဆင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မွန်းလွဲ ၁ နာရီကကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်တံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးခဲ့သော အခြေခံနည်းပညာများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်သင်ယူဖို့လိုအပ်ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ လက်ရှိဝန်ထမ်းများနှင့် လုပ်ငန်းခွင် ဝင်ရောက်ရန်ပြင်ဆင်နေကြသော လူငယ်လူရွယ်များအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းကာလ တစ်လကြာဖွင့်လှစ်၍ Microsoft ၊ Excel ၊ Power Point ၊ Word စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)