သတင်းများ

ရွှေဘိုတက္ကသိုလ်၌ စာသင်​ဆောင်အ​ဆောင် (၁၆) ကျောင်း​ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာသင်​ဆောင် အဆောင် (၁၆)​ ကျောင်း​ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန် အဆိုပါ​တက္ကသိုလ်ရှိကျောင်း​ဆောင်​ရှေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ
Feb 22,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်လူငယ်‌ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယမန်​နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Feb 22,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A)လမ်းနှင့် ၁၁၄(D)လမ်းရှိ ပုညနန္ဒာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။      
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Feb 22,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့ (Community Centre) ခန်းမ၌ “လောကဓံဘောလုံးလေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Feb 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာဦးဘုန်း (ဓာတု) ရေးသားသည့် “လောကဓံဘောလုံးလေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကျန်းမာရေးပညာပေးနည်းလမ်းများ သင်တန်းဖွင့်လှစ်
Feb 22,2024
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများ စနစ်တကျကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ဖားကန့်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆေးဝါးထောက်ပံ့မှုနှင့် အာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်
Feb 22,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ‌မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်‌ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 အတန်းများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို
Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀‌၂၄ ပညာသင်နှစ်၊ အခြေခံပညာ Grade-5 နှစ် Grade-9 အတန်းများအတွက် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနများအလိုက် စတင်ဖြေဆိုကြောင်း သိရသည်။