ရွှေဘို ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာသင်ဆောင် အဆောင် (၁၆) ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန် အဆိုပါတက္ကသိုလ်ရှိကျောင်းဆောင်ရှေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးဦးနှင့်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးလင်္ကျာအောင်၊ လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်မြင့်၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဆရာမကြီးဒေါက်တာတင်တင်ရီ၊ဒုတိယပါမောက္ခချုပ် (သင်တန်း) ဆရာမကြီးဒေါက်တာမြယဥ်ယဥ်ငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ဥပဒေပညာဌာနနှင့် စီးပွားရေးပညာဌာနတို့၏ ဆိုင်းဘုတ်တို့အား အောင်သပြေပန်း၊အမွှေးနံ့သာတို့ဖြင့်ပက်ဖြန်းပေးခဲ့ကြသည်။
အဆိုပါသုံးထပ်ကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေဓန ကုမ္ပဏီကတာဝန်ယူဆောက်လုပ်ခဲ့ပြီးအလျား၂၁၆ အနံ ၃၈ပေ ရှိပြီးစုစုပေါင်းတန်ဖိုးငွေ (၆၆၃) သန်းသုံးစွဲခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း