သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ  စက်တပ်ရေယာဥ်(သမ္ဗန်ဂိတ်)၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ မြို့မစျေးစသည့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သံတွဲမြို့၌ စက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်း ထူးချွန်သူများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 23,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သံတွဲခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်း ထူးချွန်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။
တွံ​တေးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေအသိပညာပေးဆောင်ရွက်
Feb 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က  ဖြန့်ဝေအသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ထမနဲထိုးပွဲကျင်းပ
Feb 23,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ သာသနာ့ဝန်ဆောင်မြို့ဦးကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်စကြာစေတီတော်မြတ်ကြီး၏ (၄၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းသပိတ်လောင်းလှူပွဲအကြို စုပေါင်း ထမနဲထိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြိုင် ဦးဆောင်သည့် ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်နေ လူငယ်မောင်မယ်များက အဆိုပါ ကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5၊ Grade-9 အခန်းဆုံးစာမေးပွဲများ စတင်ဖြေဆို
Feb 23,2024
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5၊ Grade-9 အခန်းဆုံးစာမေးပွဲများကို  ယမန်နေ့ နံနက်(၉)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5/9)အတန်း နှစ်ဆုံးခရိုင်စစ်/တိုင်းစစ်စာမေးပွဲ စတင်ဖြေဆို
Feb 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) နှင့် (Grade-9) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ယမန်နေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နှစ် (၅ဝ) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Feb 23,2024
၂၀၂၄ ခုနှစ်၊ နှစ် (၅ဝ) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ
မလှိုင်မြို့နယ်၌ မိတ္ထီလာခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းကုသ
Feb 23,2024
မလှိုင်မြို့နယ်၌ မိတ္ထီလာခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန် နေ့နံနက်(၉)နာရီအချိန်တွင် မလှိုင်မြို့ပြည်သူ့ဆေးရုံ အေးမေတ္တာကုသဆောင်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။