ကျွန်းလှ ဖေဖေါ်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ Grade-5 နှစ် Grade-9 အတန်းများအတွက် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနများအလိုက် စတင်ဖြေဆိုကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ နှစ်ဆုံးစာမေးပွဲဖြေဆိုရန် Grade-5 (၅၁၇) ဦးနှင့် Grade-9 (၃၇၃) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈၉၀) ဦးရှိပြီး မြန်မာစာနေ့ ဝင်ရောက်ဖြေဆိုသူ Grade-5 (၄၈၅) ဦး၊ Grade-9 (၃၄၆) ဦး စုစုပေါင်း (၈၃၁ ) ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပညာရေးဌာနနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)