ဗဟန်းမြို့နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

ဗဟန်း ​ဖေ​ဖော်ဝါရီ ၂၂

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်လူငယ်‌ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယမန်​နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​​ဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လူငယ်‌ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုလတ်က လူငယ်များအသက်‌မွေးဝမ်း‌ကြောင်း အတတ်ပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေး၊ လူငယ်များ လမ်းပေါ်မရောက်ရှိစေရေး‌တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအစည်းအ​ဝေးသိူ့ တက်ရောက်လာသော အဖွဲ့ဝင်များမှ လူငယ်ရေးရာ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ဆောင်ရွက်မည့် အစီအစဥ်များ​တို့ကို အသီးသီးဆွေး‌နွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်