တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ် စာစောင်ပြပွဲကျင်းပ

တနိုင်း မတ် ၈

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ငယ်စဉ်မှစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

စာအုပ် စာစောင်ပြပွဲတွင် သုတရသစာအုပ်စာစောင် ပေါင်း(၃၀၀)ခန့် ခင်းကျင်းပြသထားရှိရာ ကျောင်းသား လူငယ်(၅၀)ဦးတို့က စိတ်ဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါပြပွဲကို ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရှိစေရန်နှင့် ဘက်စုံဖွံဖြိုးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။

မနောမြေ(တနိုင်း)