ကျောက်ဆည်မြို့၌ ဇော်ဂျီရေထိန်းဆည်အောက်ပိုင်းမှ ကျိုးပေါက်နိမ့်ကျလျက်ရှိသော မြေသားတာပေါင် တောင့်တင်းခိုင်မာစေရန် မြေဖို့ပြုပြင်ခြင်းများ ဆောင်ရွက်

ကျောက်ဆည်ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အတွင်းမှ ဖြတ်သန်းစီးဆင်လျက်ရှိပြီး မိုးရာသီမြစ်ရေးများချိန်တွင် မြစ်ဘောင်နိမ့်ကျသည့် ကြက်မင်းတွန်ရပ်ကွက်တွင် မြစ်ရေများဝင်ရောက်သည့်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဇော်ဂျီ ရေထိန်းဆည်အောက်ပိုင်း ကျိုးပေါက်နိမ့်ကျလျက်ရှိသော မြေသားတာပေါင် တောင့်တင်းခိုင်မာ စေရန် မြေပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျိုးပေါက်နိမ့်ကျလျက်ရှိသောမြေသားတာပေါင်သည် ကြက်မင်းတွန်ရပ်ကွက်အနီးတွင် တည်ရှိပြီး မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၉၅.၀၀၀)ကျပ်သန်းအကုန်အကျခံကာ ပေါင်ရေကျော် စီးဝင်မှုမှကာကွယ်ရေး အလျား(၃၀၀၀)ပေ၊ အကျယ်(၁၅)၊ အမြင့်(၃)ပေအား  မြို့နယ်ရေ အသုံးချမှုနှင့် စီမံခန့်ခွဲရေးဦးစီးဌာနမှ မြေသားတာပေါင်တောင့်တင်းခိုင်မာစေရန် စက်ယန္တရားများဖြင့် မြေဖို့ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လုပ်ငန်းများပြီးစီးပါက မြေသားတာပေါင်တောင့်တင်းခိုင်မာလာပြီး ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ပြီး မြစ်ရေကြီးမှုကြောင့် ကြက်မင်းတွန်ရပ်ကွက်အတွင်းသို့ ရေဝင်ရောက်မှုမှ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)