လဲချား ဇွန် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မီးဘေးသင့်မိသားစုအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ်လန်းကျေးရွာနေ လုံးခမ်းခေါင်မိသားစုထံသို့ ပေးအပ်ခဲ့ပါသည်။
ထိုသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဆွေ၊ မြို့နယ်တပ်ဖွဲ့မှူး ဦးသန်းဇော်ဦးနှင့်တပ်ဖွဲ့ဝင် ၂ ဦးတို့မှလိုက်ပါ၍ ဝမ်စဲ့အုပ်စု၊ မတ်လန်းကျေးရွာနေ လုံးခမ်းခေါင်၏ မီးဘေးသင့်သည့်မိသားစုထံသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှပေးပို့လာသည့် အမျိုးသား/သမီးသုံးပစ္စည်းများ၊ မိသားစုသုံးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများအား ၎င်းမိသားစုလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)