ချမ်းအေးသာစံ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ ပရိယတ္တိသာသနာဟိတ အသင်းအတွင်း၌ သီးခြားစာသင်တန်း နှူတ်ထောက် (အာဂုံ) ပြန်ဆိုပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီချိန်တွင် ကျင်းပခဲ့သည်။
ပရိယတ္တိသာသနာဟိတအသင်းကြီးမှ နှစ်စဥ်ကြီးမှူးကျင်းပခဲ့ရာ (၁၁၉)ကြိမ်မြောက် နယုန်လ စာလျှောက်မေးခမ်း သီးခြားစာသင်တန်း နှူတ်ထောက်(အာဂုံ)ပြန်ဆိုပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ စာလျှောက်မေးခမ်းသီးခြားစာသင်တန်း နှူတ်ထောက်(အာဂုံ)ပြန်ဆိုပွဲကို မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး တစ်ရက်လျှင် သံဃာ(၆၀) ပါးဖြေဆိုမည်ဖြစ်ရာ စုစုပေါင်းသံဃာ (၁၈၀)ပါး ဖြေဆိုသွားမည်ဖြစ်သည်။ စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် လိုအပ်သည်များကို ပရိယတ္တိသာသနာဟိတအသင်းကြီး၏ဥက္ကဋ္ဌကြီးများ၊ နာယကများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ချမ်းမြေ့မောင်