ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ဘားအံ ဇွန် ၁၉

ကရင်ပြည်နယ်၊  ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရုံးအဖွဲ့များမှ ဝန်ထမ်းများတက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စု၊ ဘားအံခေတ္တတပ်ဖွဲ့စုမှူး၊ ဒုရဲမှူးအောင်မြင့်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ်များ၊ အမျိုးအစားများ ထိန်းချုပ်ဓာတုအမျိုးအစားများ၊ ပြစ်မှုပြစ်ဒဏ်များ စသည့် အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး၊ အမှတ်(၈)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး၊ ဒုရဲမှူး သိန်းဇော်မြင့်က လူကုန်ကူးမှုအကြောင်း၊ အွန်လိုင်းလိမ်လည်မှုမှ ဆက်စပ်ဖြစ်ပေါ်လာသော လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုအပါအဝင် အတင်းအကျပ်ရာဇဝတ်မှု ကျူးလွန်စေမှုများအကြောင်းကို ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန် /ဆက်)