သူနာပြုတက္ကသိုလ်-(မန္တလေး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သူနာပြုတက္ကသိုလ် (မန္တလေး)၏ တက္ကသိုလ်ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် သူနာပြုတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဒေါက်တာခင်ဝင်းစိန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်မြေသာစံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်မှ “ကမ္ဘာတစ်ဝှမ်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စု‌ပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာ‌ပေး ဟော ပြောခဲ့သည်။ ဆက်လက်ပြီး အသိပညာပေး Video file အားပြသခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမေးအဖြေကဏ္ဍဆောင်ရွက်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့်တက်ရောက်လာကြသူများအား အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲသို့ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်ဝင်းစိန်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သူနာပြုတက္ကသိုလ် ကျောင်းသား/သူများ စုစုပေါင်း အင်အား (၂၂၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့