သတင်းများ

မြိတ်မြို့နယ် ပင်းအိုကျေးရွာတွင် အမျိုးသမီးများ ဝင်ငွေတိုးရရှိရေးအတွက် အခြေခံစက်ချုပ်နည်း သင်တန်းဖွင့်လှစ်
Jun 19,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပင်းအိုကျေးရွာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း (အမျိုးသမီးများဝင်ငွေတိုးရရှိရေး)ဖြင့် အခြေခံစက်ချုပ်နည်းသင်တန်းကို ဇွန်လ (၁၉) ရက် နံနက်ပိုင်းက မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပင်းအိုအရှေ့ကျောင်းတွင် ဖွင့်လှစ်သည်။
မြစ်ကြီးနားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ကျောင်းသား/သူ (၃၂၀၇) ဦး အေးချမ်းစွာစွာ ဝင်ရောက်ဖြေဆို
Jun 19,2025
(၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စာစစ်ဌာန (၅) ခု ဖြင့် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၂၀၇)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အဇ္ဈဂေါဏဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်မြတ်အား ရွှေသင်္ကန်းအသစ်ပြန်လည်ကပ်လှူမည်
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အဇ္ဈဂေါဏဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကြီးအား ရွှေသင်္ကန်းအသစ်ပြန် လည်ကပ်လှူပူဇော်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
ငပုတောမြို့နယ်၌  အမှိုက်( ၄) မျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားနည်းနှင့် အမှိုက်ပုံးအရောင်ခွဲသတ်မှတ်ခြင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီက ငပုတောမြို့အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင် Community centre ခန်းမ၌ Youth Club အသင်းအဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေး
Jun 19,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ဇွန် ၁၇ ရက် မွန်းလွှဲ(၂)နာရီက ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကရသူရိမြို့၌ စာဖတ်ရှိန်မြှင့်တင်‌‌ရေး စာအုပ်/ စာစောင်များအား Mobile Library စနစ်ဖြင့် ငှားရမ်းပေး
Jun 19,2025
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ စာဖတ်ရှိန်မြှင့်တင်‌‌ရေး စာအုပ်/စာစောင်များအား Mobile Library စနစ်ဖြင့် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဘုတ်နှင့် စာအုပ်/စာစောင်များပြသ
Jun 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေးဟောပြောပွဲ၊ နံရံကပ်ဘုတ်နှင့်  စာအုပ်/စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။