သတင်းများ

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)ကျင်းပ
Jun 22,2025
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)ကို ဇွန်(၂၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထားဝယ်မြို့၌၂၀၂၅-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
Jun 22,2025
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကိုရည်ရွယ်၍ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဆန်းချီရပ်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အပတ်စဥ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး ဘဲဥရေကန်နှင့် ပါမိုးနဲရေထွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 22,2025
မိုးရာသီကာလဝင်ရောက်လာပြီဖြစ်၍ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် ယမန်နေ့နံနက်(၈)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း ပတ်ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်၊ ရေမြောင်းများ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးရန် ကြိုတင်ပြင်ဆက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Jun 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုကလပ်ပေါင်းစုံ အသက် ၂၅ နှစ်အောက်  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားရုံနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မြန်မာနိုင်ငံအမျိုးသမီးများနေ့အကြိုဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းနေမှုကို တက်ရောက်ကြည့်ရှုအားပေး
Jun 22,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်(၂၀)ရက်ညနေ(၃)နာရီက တောင်ကြီးမြို့၊ စဝ်ထွန်းဆေးရုံသို့သွားရောက်၍ အထူးကုသမည့်အဆောင်အဦ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ဓါတ်ရောင်ခြည်ဌာနသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။
PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့၊ အင်းလေးပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့် ဟိုပုံးမြို့နယ် လုံခုတ်ပြည်သူ့စစ်(ဌာနေ) ပေါင်လင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့တို့အား ငွေသားနှင့် စားသောက်ဖွယ်ရာများ ပေးအပ်
Jun 22,2025
PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့၊ အင်းလေးပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့် ဟိုပုံးမြို့နယ်၊ လုံခုတ်ပြည်သူ့စစ်(ဌာနေ)၊ ပေါင်လင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့တို့အား ငွေသားနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းကို ဇွန်(၂၀)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စလင်းမြို့နယ်တွင်ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်များအား ဇွန်လဒုတိယပတ်(အခမဲ့) ဒို့မေတ္တဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 22,2025
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့  ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း  ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယမန်နေ့   နံနက်ပိုင်းမှစတင်ကာ နေ့လည်(၁)နာရီအချိန်အထိ ရပ်ဝေးရပ်နီးမှရဟန်းရှင်လူ  ပြည်သူများအား  ဇွန်လဒုတိယပတ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲ”ကျင်းပ
Jun 22,2025
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ သုတေသနကော်မတီမှ ကျင်းပပြုလုပ် သော“လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲ”ကို ယနေနံနက်ပိုင်းက ရန်ကုန်မြို့သာကေတ မြို့နယ်ရှိရန်ကုန်တိုင်း ဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ“လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် သုတေသနကော်မတီဝင်များ နှင့်မိတ်ဆက်ပြီးရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ် ရေးရာအထောက် အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။