Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Jun 22,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံကိုင်းကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့၊ အဘယရာဇမုနိဆင်းတုတော်တို့၏ စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ရင်ပြင်တော်နေပူခံ ကျောက်ပြားခင်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်
Jun 22,2025
ရခိုင်ပြည်နယ်အစိုးရကကြီးမှူး၍ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကိန်းဝပ်အပူဇော်ခံလျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်တို့၏ စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်လှူဒါန်းခြင်းနှင့် စေတီတော်မြတ်ကြီး ရင်ပြင်တော်အား နေပူခံကျောက်ပြားခင်းခြင်းအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ကျင်းပရာ ပြည်နယ် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးအတွက် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းမှ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျောက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးအတွက် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းမှ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်း အနားကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး
Jun 22,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ၏ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ
Jun 22,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်တတ်စေရေးတို့အတွက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဇွန်လ ၂၀ ရက်နေ့က အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ရန်ကြီးအောင် အရန်မီးသတ်စခန်းတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ကံ့ကော်တစ်ထောင်ဘုရားတွင် နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးကုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများကို နယ်လှည့် ဆေးကုသခြင်း လုပ်ငန်းအား ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဘိုကလေးမြို့၊ မလော့ကျေးရွာအုပ်စုရှိ ကံကော်တစ်ထောင်ဘုရား၊ သာသနာ့ဗိမာန်တော်တွင်ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က လပွတ္တာမြို့ (၇)ရပ်ကွက်ရှိ သိကြားဘုရားလမ်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 22,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ နောင်ပန်ကျေးရွာရှိ ဟိုလွယ်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၅ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4186
Page
4187
Page
4188
Page
4189
Current page
4190
Page
4191
Page
4192
Page
4193
Page
4194
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department