မိုးနဲ ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုကလပ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားရုံနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဗိုလ်လုပွဲကို V7 ကလပ်အသင်းနှင့် 99ကလပ်အသင်းတို့ယှဉ်ပြိုင်းကစားကြရာ 99ကလပ်အသင်းကအနိုင်ရရှိခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားကို ရရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ဆုရရှိကြသောအသင်များနှင့် ဒိုင်အဖွဲ့ဝင်များအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူးသန်းစိုးနှင့်အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကလပ်အသင်းပေါင်း ၁၁ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကိုသုံးရက်ကြာ ယှဉ်ပြိုင်ကစားခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသန်းသန်းစိုး ထံမှသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)