တောင်ကြီး ဇွန် ၂၂
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)ကို ဇွန်(၂၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့်ကိစ္စများတွင် မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်၍မရသည့်မြေများအပေါ် အခြားနည်းအသုံးပြုရန် လျှောက်ထားဆောင်ရွက်သွားရန်လိုအပ်ပြီး မြေလွတ်၊ မြေရိုင်းများကိုလည်း အမှန်တကယ် အကောင်အထည်ဖော်လိုသည့်လုပ်ငန်းအပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ စီမံခန့်ခွဲသောမြေနှင့်လွတ်ကင်းသောဧရိယာများကိုသာ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အခြားနည်းအသုံးပြုရန်ခွင့်ပြုထားသည့် လယ်ယာမြေနှင့်မြေလွတ်၊ မြေရိုင်းများကို သတ်မှတ်ကာလအတွင်း မြေပြင်တွင် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား စဥ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေး စာရင်းပြုစုတင်ပြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ပြည်နယ်ဦးစီးမှူးက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၅)ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဥ်(၁/၂၀၂၅)ဆုံးဖြတ်ချက်များအား ဖက်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန်အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေ ဆွေးနွေးကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)