ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မြန်မာနိုင်ငံအမျိုးသမီးများနေ့အကြိုဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းနေမှုကို တက်ရောက်ကြည့်ရှုအားပေး

တောင်ကြီး ဇွန် ၂၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်(၂၀)ရက်ညနေ(၃)နာရီက တောင်ကြီးမြို့၊ စဝ်ထွန်းဆေးရုံသို့သွားရောက်၍ အထူးကုသမည့်အဆောင်အဦ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ဓါတ်ရောင်ခြည်ဌာနသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထို့နောက် စဝ်စံထွန်းဆေးရုံအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီး ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသား၊ကျောင်းသူ(၁၀၁)ဦးမှ သွေးလာရောက်လှူဒါန်းနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ဇနီးရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ သွေးလှူဒါန်းပေးကြသော ကျောင်းသား၊ ကျောင်းများအား အာဟာရပြည့်စားသောက်ဖွယ်ရာများ၊ အားဆေးများပေးအပ်ခဲ့ကြကြောင်း သိရသည်။

၎င်းနောက် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများမှလှူဒါန်းသော သွေးအိတ်များကို ရှမ်းပြည်နယ်အမျိုးသမီး​ကော်မတီနာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များမှပေးအပ်ရာ တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ၊ ဒုတိယဆေးရုံအုပ်မှလက်ခံရယူ၍ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဒေါ်ခင်သိန်းခန်းမ၌ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ၆ ဦး၊ ကျောင်းသူ ၅၂ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးတို့က စဥ်ဆက်မပြတ်တိုးတတ်ဖို့ အမျိုးသမီးများလည်းပါဝင်စို့ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောင်ကြီးတက္ကသိုလ်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်အဆင့်ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၆၅ ဦးတို့က ကျန်းမာ ကြံ့ခိုင်သော မြန်မာ့လူဘောင်နှင့်မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဖြေဆိုနေမှုများကိုရှမ်းပြည်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ညိုမီစော၊ ပြည််နယ်လူမူရေးဝန်ကြီးဦးမင်းမင်းလွင်၊ ရှမ်း ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်စိုးပပနှင့် တာဝန်ရှိသူတို့ကလိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယကဒေါ်ညိုမီစော၊ ပြည််နယ်လူမူရေးဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွေးလှူရှင်များအား လိုက်လံကြည့်ရှုအားပေးပြီး အာဟာရအစားအစာများ၊ အား ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)