သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ
Jun 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁:၃၀)နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အ.ထ.က-ဝန်းသို၊ မြတ်ဆရာ၀န်းမ၌  ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 21,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိရာ စတုတ္ထပိုင်းလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 21,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိရာ စတုတ္ထပိုင်းလုပ်ငန်းစဉ်ဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်လေးခု၊ နတ်လှေကားလေးစင်း၊ ခြင်္သေ့ကြီးလေးစီး၊  ကြာသွပ်အိုးရှစ်အိုးတို့အား လုပ်ငန်းဆောင်ရွက်ဆဲအခြေအနေနှင့် လိုအပ်သောရွှေဆိုင်းများ ထပ်မံဝယ်ရေးနှင့်စပ်လျဉ်း၍ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွှေစည်းခုံစေတီတော်ကြီး ဂေါပကအဖွဲ့ ရုံးခန်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၁၀၀၀ ကျပ်သာ ရောင်းချနေရ
Jun 21,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီများဈေးနှုန်းကျဆင်းနေခြင်းကြောင့် လာမည့်ဆောင်းရာသီ ကြက်သွန်စိုက်ပျိုးတောင်သူ နည်းသွားနိုင်ကြောင်း ကျေးလက်တောင်သူများထံက သိရသည်။
ကံမမြို့နယ် စစ္စရံကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
Jun 21,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီက စစ္စရံကျေးရွာအုပ်စုမှ တောင်သူ(၁၁၀)ဦးတို့၏ မိုးစပါးစိုက်ဧက(၄၆၆)ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၆၉၉)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Jun 21,2025
ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ညောင်ရွှေမြို့နယ်နှင့် တောင်ကြီးမြို့နယ်ရှိ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချောက်မြို့အခြေခံပညာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး​ဟော​ပြော
Jun 21,2025
မကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်‌နေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာမူလတန်း(ပတ္တမြား)ကျောင်း၌ ကျင်းပခဲ့သည်။