ရွှေပြည်သာ ဇွန် ၂၅
၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မူအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွည်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ဦးကျင်ယုနိုင် စာရေးဆရာကြင်ဦးလူက မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ ဟောပြောရာတွင် သရဲ၊ တစ္တေတို့ကို လူတွေကကြောက်ကြသော်လည်း အမှန်ကြောက်ရမည်မှာ အမှောင်တွင်းက မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ဆိုးကြီးပင်ဖြစ်ကြောင်း၊ မူယစ်ဆေးဝါးကိုယောင်မှားလို့ပင် လက်တည့်မစမ်းစေလိုကြောင်း၊ မူးယစ်ဆေးဝါးအစဆေးလိပ်က၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဝါးအန္တရာယ်အကြောင်းသိကောင်းစရာများအား နံရံကပ်ပိုစတာများ၊ မှတ်တမ်းဓာတ်ပုံများ အသုံးပြု၍ ကျောင်းသား၊ ကျောင်းသူများ နားလည်လွယ်စေရန် အသိပညာပေး ဟောပြောရှင်းလင်းသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)