ငပုတော ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ဈေးကွက်အတွင်း “Signal သွားတိုက်ဆေးအတု”များရောင်းချခြင်း ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ဈေးကွက်အတွင်း “Signal သွားတိုက်ဆေး အတု”များ ရောင်းချခြင်း ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်းမတွေ့ရဘဲ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော Signal သွားတိုက်ဆေးများကိုသာ ရောင်းချခြင်းတွေ့ရကြောင်း ကွင်းဆင်းစစ်ဆေးခြင်းများအရ သိရသည်။
အောင်သူ