သရက်ချောင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်

သရက်ချောင်း ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါနည်းပညာများကို သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက AI နည်းပညာများကို သင်ကြားပို့ချပေးပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာသော တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုသည့် နည်းလမ်းများကို စမ်းသပ်ပြသခြင်း စသည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၁၂ အုပ်စုမှ တောင်သူ ၆၀ တို့ကို AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)