ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပေါင်းတည် ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိကျန်းမာရေးဝန်ထမ်းများက အကျဉ်းဦးစီးဌာန၊ ပေါင်းတည်အချုပ်ထောင်သို့ ကာကွယ်ဆေးလာရောက်ထိုးနှံပေးရာတွင် ပေါင်းတည်အချုပ်ထောင် တာဝန်ခံအရာရှိ ဦးစိုင်းခမ်းမောင်နှင့်ဝန်ထမ်းများက ဆေးထိုးနှံမှုအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ပေါင်းတည်မြို့နယ် အကျဉ်းဦးစီးဌာနဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအပါအဝင် အကျဉ်းသား၊ အကျဉ်းသူများ စုစုပေါင်း ၁၅၆ ဦးအား Covid-19 ရောဂါ ကြိုတင်ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ရွှေသား (IPRD)