စဉ့်ကိုင်မြို့နယ် ကင်းလပ်-‌ မြောက်တောကြီး-တအုံကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်း 

စဉ့်ကိုင် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ်-‌ မြောက်တောကြီး-တအုံကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်လျက်ရှိရာ  ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူးနှင့် တာဝန်ရှိသူများ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက  ကြည့်ရှုစစ်‌ဆေးကာ လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလမ်း အရှည် ပေ ၁၃၂၀ ၊ အကျယ် ၁၂ပေ၊ ဒု ခုနစ်လက်မကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  လုပ်ငန်းပြီးစီးပါက ကျေးရွာလေးရွာမှ အိမ်ခြေ(၆၀၉)အိမ်၊ လူဦးရေ ၂၈၀၄ဦးတို့၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝ ပိုမိုမြင့်မားလာမည်  ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  သိရသည်။

ကျော်စွာ (စဉ့်ကိုင်)