ကျောက်ဆည်မြို့၌ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ အသိပညာပေး၊ စွမ်းအားမြှင့်မီးဖိုများအခမဲ့ဖြန့်ဝေ
Jun 24,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာမှ သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများကို ဒေသခံပြည်သူများ သိရှိ နားလည်စေရန်၊ ပြည်သူလူထုအသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးတက်လာရန် ရည်ရွယ်၍ ကျေးရွာများသို့ကွင်းဆင်း၍ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူထုပညာပေးဟောပြောပွဲများ ဆောင်ရွက်ကာ ထင်းလောင်စာ ၄၀ ရာခိုင်နှုန်း သက်သာစေသည့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။