ပင်းတယ ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာကိုသားကြီးရေးသားသည့် “ငြိမ်းချမ်းရေးသည်မူ စစ်ပွဲသည် ခြွင်းချက် ဘယ်လမ်းကို ရွေးမလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် Book Club ဝင်များက “ ငြိမ်းချမ်းရေးသည်မူ စစ်ပွဲသည် ခြွင်းချက် ဘယ်လမ်းကို ရွေးမလဲ” စာအုပ်တွင်ပါဝင်သည့် “ ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားပါက ငြိမ်းချမ်းရေး လမ်းကြောင်းကို ထိခိုက်မည့်အပြုအမှုများ၊ လုပ်ဆောင်ချက်များ”၊ “ မိတ်ဆွေစစ်ကို တန်ဖိုးထားပါ”၊“ ရန်သူနှင့်မိတ်ဆွေကို ခွဲခြားသိမြင်နိုင်မည်ဆိုပါလျှင်”၊ အကြောင်းအရာများကို ဖတ်ရှုခဲ့ကြကာ Book Club ဝင်များက အဆိုပါစာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)