ဟိုင်းကြီးကျွန်းမြို့၌ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ် Campaign ပြုလုပ်၍ သုံးစွဲမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေး
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၀၆း၃၀) နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေးသို့ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ပလတ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှုရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။