အခြေခံပညာမူလတန်းကျောင်း(နားကန်း)တွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် အခြေခံမူလတန်းကျောင်း(နားကန်း)သို့ ယနေ့ နံနက် (၁၀) နာရီအချိန်က နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများအားလုံး မိမိတို့စိတ်ဝင်စားသည့် ရုပ်ပြစာအုပ်များ၊ ကာတွန်းစာအုပ်များကို အလွယ်တကူ လေ့လာနိုင်စေရန်၊ စာဖတ်ရှိန်များ မြင့်မားလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများမှ အသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံမူလတန်းကျောင်း(နားကန်း)သို့ နယ်လှည့်ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)