နတ်မောက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘေးအန္တရာဘ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ၊ မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့တွင် ဖြစ်ပွားတတ်သော လေပြင်းဘေးနှင့် မိုးကြိုဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိ ဝန်ထမ်းများက တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း