စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပျိုးပင်ပေါင်း(၆၀၀)စိုက်ပျိုး
Jul 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ငွေတောင်ကျေးရွာတွင် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဥ်ဖြင့် ရာသီဥတုပြောင်းလဲလာမှုများနှင့် အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ အရိပ်အာဝါသနှင့်သစ်တောသစ်ပင်ပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်စိုက်ပျိုးလာစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။