၂ဝ၂၅ ခုနှစ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပုဏ္ဏားစုကျောင်း၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူး ဇူလိုင်

၂၀၂ ခုနှစ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပုဏ္ဏားစုကျောင်း၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို မန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ အောင်သိဒ္ဓိကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် အောင်သိဒ္ဓိကျောင်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များတို့အား အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပုဏ္ဏားစု ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာရီနှင့် ဆရာ/ဆရာမများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)