သတင်းများ

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၅၉ စင်တီမီတာ၊ ၁ ပေခွဲခန့်အလိုရောက်ရှိ
Jul 03,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၆၂ စင်တီမီတာခန့် ၂ ပေခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။
ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးနှင့်ဥပဒေရေးရာအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုင်ခေါင်ကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမျိုးသမီးနှင့်ဥပဒေရေးရာအကြောင်း အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ ခန်းမ၌ ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြသ
Jul 03,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၄) စက်မှုလယ်ယာစခန်းမှ ကူဘိုတာ(၆)တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ရွှေကြို့ပင်ကွင်း၊ ကွင်းအမှတ်(၈၈၅)ရှိ တောင်သူ ဦးသိန်းဇော်ထွန်း၏ စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြသည်။
ဆီဆိုင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ ကျင်းပ
Jul 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
အ.ထ.က (ကန်သာယာ) ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ
Jul 03,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အ.ထ.က (ကန်သာယာ)ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
လိပ်သိုဒေသထွက် ကွမ်းသီးခြောက်များ စျေးကောင်းရရှိ
Jul 03,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(မြို့နယ်ပေါင်းစုံ) အသက်(၂၃)နှစ်အောက် အမျိုးသား/သမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသော မိုင်းဆတ်မြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆို
Jul 03,2025
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(မြို့နယ်ပေါင်းစုံ)၊ အသက်(၂၃)နှစ်အောက် အမျိုးသား/သမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသော မိုင်းဆတ်မြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် အ.ထ.က ရွှေဥဩကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကျင်းပ
Jul 03,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အ.ထ.က (ရွှေဥဩ) ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။