သတင်းများ

မြို့တော်သန့်ရှင်းရေးဆောင်ရွက်နေသော ဝန်ထမ်းများအား အသည်းရောင်အသားဝါရောဂါ ဘီပိုး ရှိ/မရှိ စစ်ဆေး
Jul 03,2025
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနနှင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတို့ပူးပေါင်း၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှဝန်ထမ်းများအား အသည်းရောင်အသားဝါ ဘီပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဝင်း၌ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သွားရောက်ကြည့်ရှုအားပေးသည်။
ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လည့်စာကြည့်တိုက်၊‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အ‌ခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ‌ဇူလိုင်လ ၁ ရက်နေ့ ည‌နေက မြို့မပိုင်းရပ်ကွက်၊ အ.မ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
လှည်းကူးမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပညာပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ဇူလိုင် ၁ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
သုံးခွမြို့နယ်တွင် (Pfizer JN.1) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီး​ဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မှော်ဘီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်စီမံကိန်းရှင်းလင်းပွဲ ကျင်းပ
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းခေတ်မီစံပြကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်​ခြင်းကို ဇူလိုင် ၁ ရက်နေ့က ကုလားကြီးကုန်းခေတ်မီစံပြကျေးရွာတွင် စီမံကိန်းရှင်းလင်းပွဲ ကျင်းခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာ‌ရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ပညာသိင်္ဂီဘုန်း‌တော်ကြီးပညာသင်ကျောင်းနှင့် ဇလွန်ဘုန်းတော်ကြီးပညာသင်ကျောင်းများ၌ ဇူလိုင် ၁ ရက်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
ရွှေတိဂုံစေတီတော်ကြီး၌ လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ
Jul 03,2025
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို‌ ရွှေတိဂုံစေတီတော်ရှိ‌ ဒေါ်‌‌ငွေဇင်တန်ဆောင်း (ရေကြည်တော်ဝတ်အသင်းတန်ဆောင်း)၌ ကျင်းပသည်။
ကိုဗစ်ကာကွယ်ဆေး (Covid.19  Pfizer vaccine) ရန်ကင်းမြို့နယ်၌ ဆက်လက်ထိုးနှံပေး
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Covid-19 Pfizer Vaccine ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ​မန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။