သတင်းများ

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား/ ကျောင်းသူများ အင်အားပြည့်မှီရေး ဟောပြောပွဲအခမ်းအနား ကျင်းပ
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား/ကျောင်းသူများ အင်အားပြည့်မှီရေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့၊ တာငါးဆယ်မြောက်ရပ်ကွက်၊ ဈေးကလေးလမ်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နဝရတ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့၌ လူငယ်စကားဝိုင်းကျင်းပ
Jul 03,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ RS to CS စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး (RS to CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီက ပန်းဘဲစုကျေးရွာ၊ ကွင်းအမှတ်(၁၁၈)၊ ဦးပိုင်အမှတ်(၁/၂)ရှိ တောင်သူဒေါ်ကျင်ဆိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်
Jul 03,2025
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံ/ အဆင့်မြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Jul 03,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက် အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်း (အခြေခံ/ အဆင့်မြင့် စက်ချုပ် နည်းပညာသင်တန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်း၌ ကျင်းပခဲ့သည်။
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအဆင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 03,2025
၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်ခရိုင်မှ တိုင်းဒေသကြီးအဆင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့က ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ငလျင်‌ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် အမျိုးသားသဘာဝဘေးကော်မတီမှ စားနပ်ရိက္ခာထောက်ပံ့
Jul 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ငလျင်‌ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် အမျိုးသားသဘာဝဘေးကော်မတီမှ စားနပ်ရိက္ခာ ဆန်ထောက်ပံ့‌ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ပုံမှန်ငှားရမ်း ပေးလျက်ရှိ
Jul 03,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ နေ့စဥ်စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကို အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးပြုတက်စေရန် စာကြည့်တိုက်တွင်း ဖတ်ရှုခြင်း(သို့မဟုတ်) စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။