မှော်ဘီ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းခေတ်မီစံပြကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းကို ဇူလိုင် ၁ ရက်နေ့က ကုလားကြီးကုန်းခေတ်မီစံပြကျေးရွာတွင် စီမံကိန်းရှင်းလင်းပွဲ ကျင်းခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ၂၀၂၅-၂၀၂၆ ခုနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ VDP ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၇၀ဖြင့် (၄၁၀x ၁၀x ၆) ပေ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပိတောက်လမ်း စီမံကိန်းအခြေအနေများနှင့် Smart ရန်ပုံငွေဖြင့် အရှည်ပေ (၆၀၀x ၁၀x ၆) ပေအား အကောင်အထည်ဖော်ဆောင်ရွက်မည့် ကံ့ကော်လမ်းစီမံကိန်းအခြေအနေအား ကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် Smart ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်း (၃)လမ်းနှင့် RBF ရန်ပုံငွေဖြင့် ဂန္ဓမာပန်း စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက RBF ရန်ပုံငွေဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဂန္ဓမာပန်းခင်း စိုက်ပျိုးထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက သတင်းရရှိပါသည်။
ဝင်းဇော် (ပြန်/ဆက်)