ကိုဗစ်ကာကွယ်ဆေး (Covid.19  Pfizer vaccine) ရန်ကင်းမြို့နယ်၌ ဆက်လက်ထိုးနှံပေး

ရန်ကင်း ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Covid-19 Pfizer Vaccine ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ​မန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ရန်ကင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာနှင့် ပြည်သူများအား ထိုးနှံပေးခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)